Xiaomi ရဲ့နောက်ဆုံးထွက်မယ့် သူ့ရဲ့ Flagship ဖုန်းမှာ တစ်လက်မ အာရုံခံ ကိရိယာပါရှိတဲ့ ကမ္ဘာကျော် Leica ရဲ့ကင်မရာကိုအသုံးပြုထားတယ်လို့ ကြေငြာလိုက်ပါတယ်။
Xiaomi ရဲ့ 12S Ultra ဖုန်းမှာ Smart ဖုန်းတွေမှာ အကြီးဆုံး တစ်လက်မရှိတဲ့ Camera Sensor ပါရှိလာမယ်လို့ ကြေငြာလိုက်ပါတယ်။ နာမည်ကျော် Sony Xperia Pro-I နှင့်မတူပဲ Xiaomi 12S Ultra က ကင်မရာရဲ့ တစ်လက်မ အာရုံခံကိရိယာတစ်ခုလုံးကို အသုံးပြုထားပုံရပါတယ်။ ကင်မရာ ယူနစ်ကြီးတစ်ခုလုံးကို ကြည့်ရတာကိုက တော်တော်ကြီးကို ကြီးမားနေတာ တွေ့ရပါတယ်။
အထဲမှာတော့ Leica ရဲ့ Summicron 1:1.9-4.1 / 13-120 ASPH ကင်မရာစနစ်ပါရှိပြီး 50.3-megapixel ပင်မကင်မရာ (23mm, f/1.9) နှင့်အတူ 48-megapixel ultra-wide ကင်မရာ (13mm, f/22) နှင့် 48-megapixel periscopic camera (120mm, f/4.1) တို့ကို ပေါင်းစပ်ထားပါတယ်။ 48-megapixel ကင်မရာနှစ်ခုစလုံးသည် လက်မဝက် Sony IMX586 အာရုံခံကိရိယာကို အသုံးပြုထားပါတယ်။ စက်ဝိုင်းပုံ ကင်မရာမှာ မှန်ဘီလူးမှ အလင်းပြန်မှုကို လျော့ပါးစေပြီး ပုံရိပ်လိုက်ဖက်ညီမှုကို မြှင့်တင်ရန် အထူး coating ပါရှိပါတယ်။ ဒါအပြင် 23 ကာရက် ရွှေအနားကွပ် လည်းပါရှိပါတယ်လို့ သိရပါတယ်။
No responses yet