2022 ခုနှစ်မှာမှ အသစ်ထွက်ရှိလာတဲ့ Samsung Galaxy A-Series ရဲ့နောက်ဆုံးပေါ် A53 5G ဖုန်းကတော့ ထိပ်တန်း S-Series တွေထက်အရမ်းကို ချိုသာတဲ့စျေးနုန်းနဲ့ S-Series မှာပဲရခဲ့တဲ့ Features တော်တော်များများနဲ့ စွမ်းဆောင်ရည်တွေကို ခံစားခွင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။ Mid-range ဖုန်းမှာ ယှဉ်ကြည့်မယ်ဆိုရင် Apple ရဲ့ Budget Model ဖြစ်တဲ့ Apple iPhone SE (2022) ကပိုမိုလျှင်မြန်တဲ့အတွေ့အကြုံကို ခံစားရကောင်း ခံစားနိုင်ရပေမယ့် Samsung A53 ရဲ့ မျက်နှာပြင်က သိသိသာသာ ပိုကြီးပြီး ပိုမိုကောင်းမွန်တဲ့ Camera တွေ ပါရှိပါတယ်။
Samsung ဖန်များအတွက်ကတော့ ဒီလို သက်သာတဲ့ စျေးနုန်းနဲ့ Flagship ဖုန်းတွေရဲ့ Features တော်တော်များများကို သုံးရတဲ့အတွက် အရမ်းကို ကျေနပ်အားရကျမှာပါ။ Galaxy A53 5G တွင် ပိုမိုကျယ်ပြန့်သော မြင်ကွင်းနဲ့ ဓာတ်ပုံရိုက်ရန်အတွက် ultrawide မှန်ဘီလူး ပါရှိပြီး ညဘက် အလင်းရောင် အလုံအလောက် မရတဲ့အချိန် ဓာတ်ပုံရိုက်ကူးနိုင်ရန်လည်း Night Mode ကအတော်လေးကိုကောင်းမွန်ပါတယ်။ အခြေခံ ရိုက်ချက်များမှာ အရောင်အသွေးစုံလင်ပြီး ကြည်လင်ပြတ်သားမှုရှိပါတယ်။ Android OS update ကို နောက်ထပ် generation လေးခုထိ မြှင့်တင်လို့ရပါမယ်လို့လည်း အာမခံထားပါတယ်။ Storage ပိုင်းကို တိုးချဲ့နိုင် တဲ့ MicroSD ကဒ်အပေါက်နဲ့ 5000 mAh ပါတဲ့ တာရှည်ခံ ဘတ်ထရီသက်တမ်းအပြင် 25W Fast Charging ကလည်း ဝယ်ယူသူတို့အကြိုက်ဖြစ်စေမှာ မလွဲဧကန်ဖြစ်ပါတယ်။
Samsung Galaxy A53 5G (8/256GB) ကို မြန်မာငွေကျပ် 1,049,000 ကျပ်နှင့် G5 ICT Store မှာ အော်ဒါတင်ပြီး ဝယ်ယူနိုင်ပါပြီ။ ဒါတင်မကသေးဘူး ဇွန်လ ၂၇ ရက်မှ ဇူလိုင်လ ၁၀ ရက် အထိ ပရိုမိုးရှင်း အနေနဲ့ ဝယ်ယူသူတိုင်းကို 50,000 ကျပ်တိတိ ထပ်မံပြီးတော့လျှော့ပေးဦးမှာဆိုတော့ 999,000 ကျပ်သာ ကျသင့်တော့မှာဖြစ်ပါတယ်။
G5 ICT Store
No. 57, Baho Street, Sanchaung Township, Yangon, Myanmar.
Tel: 09 440 555 665, 09 450 555 665
No responses yet