Laptop Computer တွေထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ ယေဘူယျအားဖြင့် အသုံးပြုသူတွေရဲ့ အသုံးချမှုပေါ်ကို အခြေခံပြီး Model တွေအမျိုးမျိုး ခွဲခြားပြီးထုတ်လေ့ရှိကြပါတယ်။ အခြေခံအားဖြင့်တော့ Consumer Laptop, Business Laptop, Gaming Laptop ဆိုပြီးတော့ အုပ်စုသုံးခုခွဲကြပါတယ်။
Consumer Laptops တွေဟာ စျေးကွက်ထဲကို ပေါပေါများများနဲ့ ထိုးဖောက်ဝင်ရောက်ပြီး လူတိုင်းသုံးနိုင်အောင် ထုတ်လုပ်ထားတဲ့ နေ့စဉ်သုံး Laptop အမျိုးအစားဖြစ်ပါတယ်။
Business Laptop တွေကတော့ စျေးကွက်ထဲမှာ ပုံမှန်တွေ့ရလေ့မရှိပဲ ကုမ္ပဏီ၊ ကော်ပိုရေးရှင်းကြီးတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ ဖြစ်လို့ Performance က တော့ Consumer Laptop Line တွေထက်သိသိသာသာ ပိုကောင်းတာတွေ့ရပါတယ်။ အလုပ်လုပ်တဲ့ သူတွေအတွက်ရည်ရွယ်တာဖြစ်တဲ့အတွက် Performance, Size နဲ့ Weight ကို မျှတအောင် စီမံထားတာတွေ့ရှိရပါတယ်။
Gaming Laptop တွေကတော့ Game ကစားတဲ့လူငယ်တွေအတွက် ရည်ရွယ်ပြီး သီးသန့်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်သူ့မှာ ပိုမိုကောင်းမွန်တဲ့ Graphic Card တွေပါလာပြီး Laptop ကလည်း Game ဆော့ဖို့အတွက် Performance ကိုအလေးထားတာဖြစ်တဲ့အတွက် အရွယ်အစားပိုမိုကြီးမားပြီး လေးလံပေမယ့် Laptop Design ကတော့ လူငယ် Gamer တွေအကြိုက်လွင့်နေတာပါပဲ။
အခု စျေးကွက်မှာ နာမည်ရနေတဲ့ Laptop တွေကို ဥပမာပြရရင် Dell Laptop တွေမှာဆိုရင် အခု စျေးကွက်ထဲမှာ အများဆုံးတွေ့ရတဲ့ Inspiron Series တွေက Consumer Laptops အမျိုးအစားဖြစ်ပါတယ်။ Latitude Series ကတော့ Business Class Laptop ဖြစ်လို့ Performance ကလည်း အတော်ကောင်းပါတယ်။ Dell က နောက်ပိုင်းမှာ စျေးသက်သာတဲ့ Business Class Laptop ကို Vostro အနေနဲ့ ထပ်မံထုတ်လာပါတယ်။ Business Class လည်းသုံးချင်တယ် စျေးသက်သက်သာသာနဲ့ သုံးချင်တယ်ဆိုရင် Vostro Series ကိုသုံးဖို့သင့်တော်ပါတယ်။ Dell XPS series တွေကတော့ Dell ရဲ့ high-end consumer laptop ဖြစ်ပြီး Laptop PC တွေအားလုံးထဲမှာ အကောင်းဆုံး Laptop လို့နာမည်ရထားတဲ့ Laptop ပါ။ Dell ရဲ့ Alienware and G-Series ကတော့ Gamer တွေလောကမှာ နာမည်ကြီး Gaming Laptop တွေပဲဖြစ်ပါတယ်။
Dell လိုပဲ Lenovo တွေမှာလည်း IdeaPad, ThinkPad, Yoga, Legion ဆိုပြီးတော့ Models တွေရှိပါတယ်။ IdeaPad တွေက Consumer Laptop ဖြစ်ပြီးတော့ ThinkPad ကတော့ Business Laptop ဖြစ်ပါတယ်။ ThinkPad series Laptop တွေက အရင် နာမည်ကြီး IBM ထံကနေ ၂၀၀၅ ခုနှစ်လောက်က ဝယ်လိုက်တာဖြစ်ပါတယ်။ Business class laptop မှာတော့ ThinkPad ကိုမှီတဲ့သူမရှိဘူးလို့တောင် ပြောလို့ရတဲ့ Laptop ဖြစ်ပါတယ်။ Lenovo ကလည်း ThinkBook ဆိုပြီးတော့ စျေးသက်သာတဲ့ Business Laptop ကိုထုတ်လုပ်ထားပါတယ်။ အရမ်းကိုဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းနဲ့ အရာရာ သာလွန်တဲ့ Performance တွေနဲ့အတူ ထွက်ရှိထားတာပါ။ Yoga series တွေကတော့ high-end consumer laptop တွေဖြစ်ပြီး Legion ကတော့ Gaming Laptop တွေဖြစ်ပါတယ်။
ဒါအပြင် HP မှာဆိုရင်လည်း Essential, Pavilion, ProBook, EliteBook ဆိုပြီး Model အမျိုးမျိုးတွေ့ရပါတယ်။ Essential နဲ့ Pavilion ကတော့ Consumer Laptop ဖြစ်ပြီးတော့ ProBook နဲ့ EliteBook တွေကတော့ Business Laptop ဖြစ်ကြပါတယ်။ ENVY ကတော့ ultra-portable notebook line ဖြစ်ပြီ Spectre ကတော့ high-end consumer laptop ဖြစ်ပါတယ်။
Acer မှာဆိုရင်လည်း Aspire series တွေက Consumer Laptop တွေဖြစ်ပြီးတော့၊ Travelmate Notebook တွေကတော့ Business Laptop တွေဖြစ်ပါတယ်။ Nitro တို့ Predator တို့ကတော့ Gaming တွေဖြစ်ပြီးတော့ Swift series တွေကတော့ ultra-portable high-end consumer laptop အမျိုးအစားတွေပဲဖြစ်ပါတယ်။
Asus မှာဆိုရင် နာမည်ကြီး ZenBook က ultra-portable high-end consumer laptop အမျိုးအစားဖြစ်ပြီးတော့ X series တွေကတော့ နေ့စဥ်သုံး Consumer Laptop အမျိုးအစားဖြစ်ပါတယ်။ VivoBook တွေကတော့ Video Editing လုပ်ဖို့အထူးသင့်တော်တဲ့ Graphic card built in ပါတဲ့ Laptop အမျိုးအစားဖြစ်ပါတယ်။ Ausus ရဲ့နာမည်ကျော် ROG and TUF Laptop တွေကလည်း Gaming Laptop တွေအဖြစ် ကျော်ကြားလှပါတယ်။
ဒီလို Laptop တွေအပြင် Microsoft က ထုတ်တဲ့ Microsoft Surface Laptop တွေ၊ Huawei ကထုတ်တဲ့ Matebook တွေက Apple ရဲ့ MacBook computer တွေကိုယှဉ်ပြိုင်ဖို့ စျေးကွက်ထဲဝင်ရောက်ကြတာပါ။ သူတို့အားလုံးကတော့ High-end consumer laptop တွေဖြစ်ကြပါတယ်။
No responses yet